Friday, 23 October 2015

မထင်ရှား မပေါ်လွင် ဖြစ်နေခြင်း

ခပ်သိမ်းသော အမှုအရာ တို့သည် မိမိတို့ အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီးတို့ကို ပြုရသော အချိန်ရှိ၏။ (ဒေ ၃း၁)

ကျွန်မနေထိုင်သောဒေသ၌ ယခုအချိန်ကာလသည် အပင်များသေသွားသကဲ့သို့ မြေကြီး အောက်၌ မြုပ်နေသည်။ စိတ်ချရသည့်အချိန် မရောက်သရွေ့ သူတို့ပြန်မပေါက်လာပါ။ နှင်းကျပြီး မြေတစ်ပြင်လုံး၌ ရေခဲမသွားမီ အပင်များသည် ရွက်ဟောင်းချွေသည်။ ၎င်းတို့ပြန်ရှင်သန်ရမည့် နောက်ရာသီ မတိုင်မီအထိ ဆုတ်သွားပြီး အနားယူလျက် စွမ်းအင်များကို ချွေတာသည်။ အရိုးပြိုင်းပြိုင်းနှင့် အပင်များမှာ မသေသေးပါ။ ငုတ်နေခြင်းသာ ဖြစ်သည်။ နှင်းများအရည်ပျော်ပြီး မြေသားပေါ်လာလျှင် ၎င်းတို့မှာ ကောင်းကင်သို့ ဦးမော့ပြီး တောက်ပသော အရောင်အဆင်း၊ သင်းပျံ့သော မွှေးရနံ့များဖြင့် ၎င်းတို့၏ဖန်ဆင်းရှင်ကို နှုတ်ခွန်းဆက်သည်။
ဘ၀အသက်ရှင်သန်ရာ၌လည်း ထိုသို့ ငြိမ်နေ ငုတ်နေ
ရသော အချိန်ကာလများကို ကျွန်မတို့ဝင်ရောက် ဖြတ်သန်း ရသည်။
ကျွန်မတို့ မသေသော်လည်း ကျွန်မတို့ မပေါ်လွင် မထင်ရှားဖြစ်နေသည်ဟု ခံစားရမည်။ ထိုအချိန်မျိုးတွင် မိမိသည် အသုံးမ၀င်ဟု ခံစားရပြီး၊ ဘယ်အချိန်မှာ ဘုရားထပ်သုံးမည်နည်းဟု အတွေးဝင်မိသည်။ ဤသို့သော အချိန်မျိုးသည် ကျွန်မတို့ကို ကာကွယ်ရန်နှင့် ပြင်ဆင်ပေးရန်ဖြစ်သည်။ အချိန်တန်ပြီး အခြေအနေများစိတ်ချရပြီ ဆိုလျှင် အစေခံရန်နှင့် ကိုးကွယ်ရန် ဘုရားသခင်ကျွန်မတို့ကို စေစားခေါ်ယူလိမ့်မည်။
ဤသို့သောအချိန်မျိုးကို မောရှေကြုံခဲ့ရသည်။ သူ့၏ဟေဗြဲအမျိုးသားချင်းကို အန္တရာယ်ပြုသည့် အဲဂုတ္တုလူကို သတ်ပစ်ပြီးနောက် သူ့အသက်အန္တရာယ်ကင်းအောင် အဝေးရှိ မိဒျန်အရပ်သို့ မောရှေ ထွက်ပြေးခဲ့ရသည် (ထွ ၂း၁၁-၂၂)။ ထိုအရပ်တွင် သူ့ဘ၀၌ အကြီးမားဆုံးသော တာဝန်ကို ထမ်းဆောင်နိုင်ရေး ဘုရားရှင်သူ့ကို ကွယ်ကာ လျက် ပြင်ဆင်ခဲ့သည်။ (၃း၁၀)
ထို့ကြောင့် အားယူ၍ရဲ့ရင့်ခြင်းရှိပါ။ ကျွန်မတို့သည် ဘုရားသခင်ရှေ့၌ မထင်ရှား မပေါ်လွင်သူများ မဟုတ်ပါ။

No comments:

Post a Comment