Saturday, 14 November 2015

ဘုရားသခင်သာ

ကျန်ုပ်ရဲ့ အနာဂတ်ကို သေခြာစေတာ ဘုရားသခင်ပါ။

Thursday, 12 November 2015

မယ်တော်ကို ကိုးကွယ်သလား

“ကက်သလစ်ဘာသာဝင်တွေကမယ်တော်မာရီယား ကိုကိုးကွယ်ကြတဲ့သူတွေလို့ပြောကြပါတယ်။ ဟုတ် ပါ သလား ” 

“လုံးဝမဟုတ်ပါဘူးလို့” ဦးစွာဖြေလိုက်ပါ ရစေ။ ထင်ကြေးနဲ့ရမ်းသမ်းပြီး စွပ်စွဲလိုက်တဲ့ စွပ်စွဲမှု တစ်ခုသာဖြစ်ပါတယ်။ ရှင်းအောင် ဆက်လက်ဖြေ ပေးပါမယ့်။

ကက်သလစ် သာသနာတော်ရဲ့ ပါဠိတော်ဖြစ်တဲ့ လက်တင်ဘာသာ ဝေါဟာရ နှစ်လုံးကို ဦးစွာ ဖော်ပြပေးပါ့မယ်။ ပထမ ဝေါဟာရကတော့ Latria ဖြစ်ပါတယ်။ အဓိပ္ပါယ် ကတော့ အင်္ဂလိပ်လို adoration မြန်မာလိုကတော့ ကိုးကွယ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ 

အမိ ကက်သလစ် သာသနာတော်ကြီးကနေ ပြတ်သားစွာ သွန်သင်ထားချက် ကတော့ ဘုရားရှင် တစ်ဆူတည်းကိုသာ ကိုးကွယ် ရပါတယ်။ မယ်တော်ရှင်နဲ့ သိကြား ရဟန္တာ သူတော်စင် သူတော်မြတ်တွေကို ဘုရား အမှတ်နဲ့ ကိုးကွယ်လို့ မရပါ။ ကက်သလစ်တွေက မယ်တော်ရှင်နဲ့ သိကြား ရဟန္တာ သူတော်စင် သူတော်မြတ်တွေကို ဖန်ဆင်းရှင် ဘုရားအဖြစ် ကိုးကွယ်ခြင်း လုံးဝ မပြုပါ။ တစ်ဆူတည်းသော ဖန်ဆင်းရှင် ဘုရားသခင်ကိုသာလျှင် ဘုရားအမှတ်ဖြင့် လက်ခံ ယုံကြည်လျက် ကိုးကွယ်မှုကို ပြုကြပါတယ်။

အခု ဆက်လက်ပြီး ဖော်ပြပေးမဲ့ ဒုတိယ ဝေါဟာရ စကားလုံးကတော့ Dulia ဖြစ်ပါတယ်။ Dulia ရဲ့ အဓိပ္ပါယ်ကတော့ အင်္ဂလိပ်လို Veneration မြန်မာလို ကတော့ သဒ္ဓါ ကြည်ညိုခြင်းပဲ ဖြစ်ပါတယ်။ ကက်သလစ် သာသနာတော်ကြီး အနေဖြင့် မိမိရဲ့ သာသနာတော်ကြီး အတွင်း ကနေ ပြောင်မြောက်စွာ သီလပါရမီများကို ဆည်းပူးပြီး ဘုရားရှင်၌ ဆောက်တည် ဆက်ကပ်သွားကြတဲ့ ရဟန္တာ သူတော်စင် သူမြတ်တွေကို သဒ္ဓါ ကြည်ညိုခြင်း အမှုပြုကြပါတယ်။ ဂုဏ်ပြု ကြပါတယ်၊ စံပြု အတုယူ ကြပါတယ်။ သူတို့ရဲ့ ဘုရားရှင်ထံ ၀ိုင်းဝန်း ဆုတောင်းပေးမှု ထပ်ဆင့် ဆုတောင်းပေးမှုကို အစဉ် ခိုလှုံမှု ပြုကြပါတယ်။ သူတို့ကို ဘုရားအမှတ်နဲ့ လုံးဝ ကိုးကွယ်ခြင်း အမှု မပြုကြပါ။

ကက်သလစ် ဘာသာဝင်တွေက ခရစ်တော် ဘုရားရှင်ရဲ့ မယ်တော် အပေါ်မှာ သဒ္ဓါ ကြည်ညိုမှု ရှိတဲ့ နေရာမှာ၊ ရဟန္တာ သူတော်စင် သူတော်မြတ်တွေ အပေါ်မှာထားရှိတဲ့ သဒ္ဓါကြည်ညိုမှုထက် ပိုပြီးသာတယ်။ မယ်တော်ရှင် အပေါ်မှာထားရှိတဲ့ သဒ္ဓါ ကြည်ညိုမှုကတော့ အရူးအမူးပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခရစ်တော် ဘုရားရှင်က မယ်တော်ကို သိပ်ပြီး ချစ်မြတ်နိုးတယ် ဆိုတော့ ခရစ်တော် ဘုရားရှင်ကို သိပ်ပြီး ချစ်မြတ်နိုးတဲ့ ကက်သလစ်တွေက မယ်တော်ရှင် အပေါ်မှာ ထားရှိတဲ့ သဒ္ဓါ ကြည်ညိုခြင်းဟာ ရဟန္တာ သူတော်စင် သူတော်မြတ်တွေ အပေါ်မှာ ထားရှိတဲ့ dulia လို့ခေါ်တဲ့ veneration သဒ္ဓါ ကြည်ညိုခြင်းထက် သာလွန် လှပါတယ်။ အဲ့ဒီ သဒ္ဓါကြည်ညိုခြင်းကို အင်္ဂလိပ်လို exceptional veneration အနှိုင်းမဲ့ သဒ္ဓါ ကြည်ညိုခြင်းလို့ ခေါ်ပါတယ်။ လက်တင်ဘာသာ ဝေါဟာရနဲ့ ခေါ်ရင်တော့ Hyperdulia လို့ ခေါ်ပါတယ်။ 

ဒီတော့ ကက်သလစ် ဘာသာဝင်တွေဟာ ဖန်ဆင်းရှင် ဘုရားသခင်ကို ဘုရားရှင်အဖြစ် ကိုးကွယ်ကြပါတယ်။ ရဟန္တာ သူတော်စင် သူတော်မြတ်တွေ အပေါ်မှာတော့ သဒ္ဓါကြည်ညိုခြင်း အမှုပြု ကြပါတယ်။ မယ်တော်ရှင် အပေါ်မှာတော့ မယ်တော်ရှင်ဟာ ပိုပြီး မြင့်မြတ်လှတဲ့ အတွက် အနှိုင်းမဲ့ သဒ္ဓါကြည်ညိုခြင်း အမှုကို ပြုကြပါတယ်။ 

ဘုရားရှင်ကို ဘုရားအဖြစ်နဲ့ ကိုးကွယ်ပြီး မယ်တော်ရှင်ကို ဘုရားအဖြစ်နဲ့ လုံးဝ မကိုးကွယ်ကြပါ။ အထင်မှား အမြင်မှားဖြစ်နေတဲ့ အကြောင်းရင်းကတော့ အပြုအမူက တစ်ပုံစံတည်း ဖြစ်နေလို့ပါ။ ဘုရားရှင်ကို ကိုးကွယ်တော့လည်း လက်အုပ်ချီလျက် ကိုးကွယ်ရတယ်။ ဦးညွှတ်လျက်၊ ဒူးထောက်လျက် ပြုကြရ ပြန်ပါတယ်။ ရဟန္တာ သူတော်စင် သူတော်မြတ်တွေ အပေါ်မှာ သဒ္ဓါကြည်ညိုခြင်း အမှုပြုပြန်တော့လည်း ဒီအတိုင်းပဲ ပြုကြ ရပြန်ပါတယ်။

မိဘ ဆရာသမားကို လက်အုပ်ချီလျက် ကန်တော့ ကြတယ်။ သက်ကြီး ၀ါကြီးများကို လက်အုပ်ချီ ကန်တော့ကြတယ်။ သက်ကြီး ၀ါကြီးများ ရှေ့၌ ဖြတ်သန်း သွားလာကြတဲ့ အခါမှာ ဦးညွှတ် ဂါဝရ ပြုလျက် အရိုအသေပေး ကြရပြန်ပါတယ်။ နိုင်ငံတော် အလံကိုလည်း ဦးညွှတ်လျက် ဂါဝရပြု ကြရပါတယ်။ အလေးအမြတ် ပြုကြရပြန် ပါတယ်။

နိုင်ငံတော် အလံရှေ့မှာ ဦးညွှတ်၊ ဂါဝရပြုလို့ အလေးပြုလို့ နိုင်ငံတော်အလံကို ဘုရားအမှတ်ဖြင့် ကိုးကွယ်ခြင်း မဟုတ်ရပါ။ မိဘ ဆရာသမား သက်ကြီး ၀ါကြီးများကို လက်အုပ်ချီပြီး ကန်တော့ကြလို့ မိဘဆရာ သမားများ၊ သက်ကြီး ၀ါကြီးများကို ဖန်ဆင်းရှင် ဘုရား အမှတ်ဖြင့် ကိုးကွယ်ရာ မရောက်ပါ။ ဒီ အတိုင်းပါပဲ ရဟန္တာ သူတော်စင် သူတော်မြတ်တွေ အပေါ်မှာ သဒ္ဓါ ကြည်ညိုခြင်း၊ မယ်တော်ရှင် အပေါ်မှာ အနှိုင်းမဲ့ သဒ္ဓါ ကြည်ညိုခြင်း အမှုပြုနေကြလို့လည်း ဖန်ဆင်းရှင် ဘုရား အမှတ်ဖြင့် ကိုးကွယ်နေခြင်း မဟုတ်ပါ။ 

ဥပမာ - သမ္မာကျမ်းစာတော်မြတ်ထဲမှာ ကိုးကွယ်ခြင်းနဲ့ ကြည်ညို လေးမြတ်ပြုခြင်း ပြုတဲ့နေရာ ပျက်ဝတ်၍၊ ဦးညွှတ်၍၊ ကြည်ညို လေးမြတ်မှု ပြုခြင်း တိုင်းဟာလည်း ဘုရားအမှတ်ဖြင့် ကိုးကွယ်ခြင်း မဟုတ်ကြောင်း သာဓကများစွာ တွေ့ရှိရပါတယ်။

(ဗျာဒိတ်ကျမ်း ၃း၉)-ထဲမှာ ဖော်ပြထားတဲ့ ဖီလာဒဲဖီးယား အသင်းတော်ရှိ ယုံကြည်သူတွေရဲ့ ခြေရင်း၌ လာရောက် ပျက်ဝပ်ကြလိမ့်မယ်လို့ ဖော်ပြတဲ့ နေရာမှာ ကိုးကွယ်ခြင်းလို့ မဆိုလိုပါဘူး။ လာရောက် ဂါရ၀ပြုခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ 

(ကမ္ဘာဦးကျမ်း ၁၉း၁) ထဲမှာ ဖော်ပြထားချက်- လောတဟာ သောဒုံမြို့မှာ ကြွရောက်လာတဲ့ ကောင်းကင် တမန်နှစ်ပါးကို မြေ၌ ဦးညွှတ်ချလျက် ခရီးဦးကြို ပြုတယ်လို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ လောတဟာ ကောင်းကင်တမန် နှစ်ပါးကို ဘုရားရှင် အနေနဲ့ ကိုးကွယ်ခြင်း မဟုတ်။ အရိုအသေပေးခြင်းသာ ဖြစ်ပါတယ်။ 

(ကမ္ဘာဦးကျမ်း ၂၄း၅၂) ထဲမှာတော့ အာဗြံဟံရဲ့ အစေခံ ကျွန်ဟာ ထာဝရဘုရားရှင်ကို ဦးညွှတ်ချပြီး ကိုးကွယ်တာကို ဖော်ပြ ထားပါတယ်။ ဒီနေရာမှာ ဦးညွှတ်ချခြင်းဟာ သဒ္ဓါ ကြည်ညိုမှု သက်သက် မဟုတ်တော့ပါ။ ကိုးကွယ်မှု ဖြစ်ပါတယ်။ 

(ကမ္ဘာဦးကျမ်း ၄၂း၆) ထဲမှာ အီဂျစ်ပြည်မှာ ဘုရင်ဖြစ်နေတဲ့ ဂျိုးဇက်ထံ မိမိရဲ့ ညီအစ်ကိုများ လာရောက်ပြီး ရှေ့တော်မှောက်မှာ ဦးညွှတ်ချကြတာဟာဖြင့် ကိုးကွယ်ခြင်း မဟုတ်ပါ။ ကြည်ညိုလေး မြတ်ခြင်း ဂါရ၀ပြုခြင်းသာ ဖြစ်ပါတယ်။ 

(ယောရှုမှတ်စာ ၅း ၁၄) ထဲမှာ ယောရှုဟာ ထာဝရဘုရား၏ ကောင်းကင်တမန်ရှေ့မှာ ပျက်ဝတ် ကိုးကွယ်တယ်လို့ ဖော်ပြ ထားပါတယ်။ ဒီနေရာမှာ ယောရှုဟာ ကောင်းကင်တမန်ကို ဘုရားရှင်အဖြစ် ပျက်ဝတ် ကိုးကွယ်ခြင်း မဟုတ်ပါ။ ရိုသေ လေးမြတ်မှု ပြုခြင်းသာ ဖြစ်ပါတယ်။

(ဓမ္မရာဇ၀င် ပထမစောင် ၂၈း၁၄) ထဲမှာ ရှာမွေလ (ဆာမြူအဲလ်)ကို ရှောလု (ဆောလူး)ဟာ မြေပေါ်မှာ ဦးညွှတ် ပျတ်ဝပ်တယ်လို့ ဖော်ပြ ထားပါတယ်။ ဒီလို ရှောလုရဲ့ ပျတ်ဝပ်ဦးညွှတ်ခြင်းဟာ ဘုရားအမှတ်ဖြင့် ကိုးကွယ်ခြင်း မဟုတ်။ လေးမြတ်ခြင်းသာ ဖြစ်ပါတယ်။ 

(ဓမ္မရာဇ၀င် ပထမစောင် ၁း၂၃)ထဲမှာ ပရောဖက် နာသန်ဟာ ဒါဝိဒ် မင်းကြီးရှေ့ မှာ ဦးချ ပျတ်ဝပ်ခြင်းဟာ ဘုရားအမှတ်နဲ့ ဒါဝိတ်မင်းကြီးကို ကိုးကွယ်နေခြင်း မဟုတ်။ အလေးအမြတ် ပြုခြင်းသာ ဖြစ်ပါတယ်။ 

(ဓမ္မရာဇ၀င် စတုတ္ထစောင် ၂း၁၅) ထဲမှာ ပရောဖက်များရဲ့ သားသမီးများဟာ ဂျေရီခိုမြို့မှာ အေလီရှဲကို မြေပေါ်မှာ ပျက်ဝပ်ကြခြင်းဟာ ကိုးကွယ်ခြင်း မဟုတ် ဂါရ၀ပြုခြင်းသာ ဖြစ်ပါတယ်။

(ရာဇ၀င်ချုပ် ပထမစောင် ၂၁း၂၁) ထဲမှာ ornan ဒါဝိတ်မင်းကြီး ရှေ့မှာပြုတဲ့ ဦးချ ပျတ်ဝပ်ခြင်းဟာ ဘုရားအမှတ်နဲ့ ကိုးကွယ်ခြင်း မဟုတ်။ ဂါရ၀ပြုခြင်းသာ ဖြစ်ပါတယ်။

(ရာဇ၀င်ချုပ် ပထမစောင် ၂၉း၂၀) ထဲမှာ အစ္စရေးလူမျိုးဟာ ဦးချ၍ ထာဝရဘုရားကို ၎င်း၊ ရှင်ဘုရင်ကို ၎င်း ရှိခိုးကြ၏ တဲ့။ ဒီနေရာမှာ အစ္စရေးလူမျိုးတွေဟာ ဘုရားရှင်ကို ထာဝရ ဘုရားရှင်အဖြစ်နဲ့ ကိုးကွယ်ကြပြီး ရှင်ဘုရင်ကို ရှိခိုး၍ ဂါရ၀ပြုကြခြင်းသာ ဖြစ်ပါတယ်။ 

(ရာဇ၀င်ချုပ် ဒုတိယစောင် ၂၉း ၂၉-၃၀)ထဲမှာ ဟေစကိမင်းကြီးနဲ့ စည်းဝေးသူ လူထု ပရိသတ်ကြီးဟာ ဒီနေရာမှာ သူတို့ ပြုကြတဲ့ ဦးညွှတ်ချ၍ ကိုးကွယ်ကြခြင်းဟာ ဘုရားအဖြစ် ရှိခိုးကြခြင်း ဖြစ်ပါတယ်။ 

(တိုဘိဝတ္ထု ၁၂း၁၆) ထဲမှာ ဖခင်ဖြစ်သူ တောဘိယနှင့် သားဖြစ်သူ တောဘိတို့သည် ကောင်းကင်သိကြား တမန်တော် ရာဖါအဲရှေ့မှာ မြေပေါ်မှာ ပျက်ဝပ်လိုက်ကြခြင်းဟာ ဂါရ၀ပြုခြင်းသာ ဖြစ်တယ်။ ဘုရားအဖြစ် ကိုးကွယ်လိုက်ခြင်း မဟုတ်။ 

(ဂျူဒစ် ၀တ္ထု ၁၄း၇) ထဲမှာ အာမိုနိုက်လူမျိုး အာစီအော်က ဂျူဒစ်ရဲ့ ရှေ့မှာ ညွှတ်တွား အရိုအသေပေးလျက် ထာဝရဘုရားကို ချီးမွမ်းတယ်တဲ့။ 

(ဆာလံကျမ်း ၁၃၈း၂) ထဲမှာတော့ ဒါဝိတ်မင်းကြီးဟာ မွန်မြတ် သန့်ရှင်းလှတဲ့ ဗိမာန်တော် အထဲမှာ ရိုသေဦးညွှတ်ခြင်းဟာ ထာဝရ အရှင် ဘုရားသခင်ကို ဘုရားအမှတ်နှင့် ကိုးကွယ်ခြင်း ဖြစ်ပါတယ်။ 

(ဒါနီအဲဟော စာတမ်း ၂း၄၆)ထဲမှာ ဖော်ပြထားတဲ့ နေဘူးခါ နေဇာမင်းကြီးဟာ ဒါနီအဲကို ရှိခိုး ကိုးကွယ်ပြီးလျှင် သူ့အား ယာဇ်ပူဇော်ခြင်းနှင့် လော်ဗန်နံ့သာကို ပေးလျက် ထာဝရဘုရားအား ပူဇော်စေခြင်းဟာ ဒါနီအဲကို ရိုသေ ဂါရ၀ပြုပြီး ဒါနီအဲအားဖြင့် ထာဝရဘုရားကို ကိုးကွယ် ၀တ်ပြုလိုက်ခြင်း ဖြစ်ပါတယ်။ 

(ဒါနီ အဲဟော စာတမ်း ၈း၁၇) ထဲမှာ ကောင်းကင် တမန်တော် ဂါဗြီအဲလ်ရဲ့ ရှေ့မှာ ပျက်ဝပ်လိုက်ခြင်းဟာ ဒါနီအဲရဲ့ ဂါရ၀ပြုခြင်းသာ ဖြစ်တယ်။ ကိုးကွယ်ခြင်း မဟုတ်။ 

(မက္ကာဘေးဦး သမိုင်း ပထမတွဲ ၄း၄၀၊ ၅၅)ထဲမှာ ဂျူဒနဲ့ ယုံကြည်သူများ ပြုလုပ်ခဲတဲ့ ပျက်ဝပ် ရှိခိုးမှုဟာ ထာဝရဘုရားရှင်ကို ကိုးကွယ်ကြခြင်းပဲ ဖြစ်ပါတယ်။ 

(မက္ကာဘေးဦး သမိုင်း ဒုတိယတွဲ ၁၀း ၄၊၂၆။ ၁၃း၁၂) ထဲမှာ မက္ကာဘေးဦးနဲ့ သူ့ရဲ့ နောက်လိုက်များ ပြုခဲ့တဲ့ ပျက်ဝပ် ကိုးကွယ်မှုဟာ ထာဝရဘုရားကို ကိုးကွယ်ခြင်း ဖြစ်ပါတယ်။

ဒီတော့ ဂါရ၀ပြုခြင်း၊ သဒ္ဓါ ကြည်ညိုခြင်း၊ ကိုးကွယ်ခြင်းတွေ ပြုကြတဲ့ နေရာမှာ ပုံစံက တူနေတဲ့ အတွက် ကက်သလစ်ဘာသာဝင်များကို မယ်တော်ကို ကိုးကွယ်သူဟု မှားယွင်းစွာ ယူဆလိုက်ခြင်းသာဖြစ်ကြောင်း ခုလောက်ဆိုရင် ရှင်းပြီလို့ ထင်ပါတယ်။ ကက်သလစ် ဘာသာဝင်များဟာ ဖန်ဆင်းရှင် ဘုရားသခင်ကိုသာ ဘုရားရှင်အဖြစ် ကိုးကွယ်ကြပါတယ်။ 

ရဟန္တာ သူတော်စင် သူတော်မြတ်တွေ အပေါ် သဒ္ဓါ ကြည်ညိုခြင်း အမှုကိုသာ ပြုကြပါတယ်။ မယ်တော်ရှင် အပေါ်မှာတော့ ဘုရားအဖြစ်နဲ့ ကိုးကွယ်ခြင်း လုံးဝ မပြုကြပဲ၊ အနှိုင်းမဲ့ သဒ္ဓါ ကြည်ညိုခြင်း အမှုကိုသာ ပြုနေကြကြောင်း ဖြေကြားလိုက်ရပါတယ်။ 

Fr. ဒိုမိနစ် ဂြိုလ်တု

Friday, 23 October 2015

မထင်ရှား မပေါ်လွင် ဖြစ်နေခြင်း

ခပ်သိမ်းသော အမှုအရာ တို့သည် မိမိတို့ အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီးတို့ကို ပြုရသော အချိန်ရှိ၏။ (ဒေ ၃း၁)

ကျွန်မနေထိုင်သောဒေသ၌ ယခုအချိန်ကာလသည် အပင်များသေသွားသကဲ့သို့ မြေကြီး အောက်၌ မြုပ်နေသည်။ စိတ်ချရသည့်အချိန် မရောက်သရွေ့ သူတို့ပြန်မပေါက်လာပါ။ နှင်းကျပြီး မြေတစ်ပြင်လုံး၌ ရေခဲမသွားမီ အပင်များသည် ရွက်ဟောင်းချွေသည်။ ၎င်းတို့ပြန်ရှင်သန်ရမည့် နောက်ရာသီ မတိုင်မီအထိ ဆုတ်သွားပြီး အနားယူလျက် စွမ်းအင်များကို ချွေတာသည်။ အရိုးပြိုင်းပြိုင်းနှင့် အပင်များမှာ မသေသေးပါ။ ငုတ်နေခြင်းသာ ဖြစ်သည်။ နှင်းများအရည်ပျော်ပြီး မြေသားပေါ်လာလျှင် ၎င်းတို့မှာ ကောင်းကင်သို့ ဦးမော့ပြီး တောက်ပသော အရောင်အဆင်း၊ သင်းပျံ့သော မွှေးရနံ့များဖြင့် ၎င်းတို့၏ဖန်ဆင်းရှင်ကို နှုတ်ခွန်းဆက်သည်။
ဘ၀အသက်ရှင်သန်ရာ၌လည်း ထိုသို့ ငြိမ်နေ ငုတ်နေ
ရသော အချိန်ကာလများကို ကျွန်မတို့ဝင်ရောက် ဖြတ်သန်း ရသည်။
ကျွန်မတို့ မသေသော်လည်း ကျွန်မတို့ မပေါ်လွင် မထင်ရှားဖြစ်နေသည်ဟု ခံစားရမည်။ ထိုအချိန်မျိုးတွင် မိမိသည် အသုံးမ၀င်ဟု ခံစားရပြီး၊ ဘယ်အချိန်မှာ ဘုရားထပ်သုံးမည်နည်းဟု အတွေးဝင်မိသည်။ ဤသို့သော အချိန်မျိုးသည် ကျွန်မတို့ကို ကာကွယ်ရန်နှင့် ပြင်ဆင်ပေးရန်ဖြစ်သည်။ အချိန်တန်ပြီး အခြေအနေများစိတ်ချရပြီ ဆိုလျှင် အစေခံရန်နှင့် ကိုးကွယ်ရန် ဘုရားသခင်ကျွန်မတို့ကို စေစားခေါ်ယူလိမ့်မည်။
ဤသို့သောအချိန်မျိုးကို မောရှေကြုံခဲ့ရသည်။ သူ့၏ဟေဗြဲအမျိုးသားချင်းကို အန္တရာယ်ပြုသည့် အဲဂုတ္တုလူကို သတ်ပစ်ပြီးနောက် သူ့အသက်အန္တရာယ်ကင်းအောင် အဝေးရှိ မိဒျန်အရပ်သို့ မောရှေ ထွက်ပြေးခဲ့ရသည် (ထွ ၂း၁၁-၂၂)။ ထိုအရပ်တွင် သူ့ဘ၀၌ အကြီးမားဆုံးသော တာဝန်ကို ထမ်းဆောင်နိုင်ရေး ဘုရားရှင်သူ့ကို ကွယ်ကာ လျက် ပြင်ဆင်ခဲ့သည်။ (၃း၁၀)
ထို့ကြောင့် အားယူ၍ရဲ့ရင့်ခြင်းရှိပါ။ ကျွန်မတို့သည် ဘုရားသခင်ရှေ့၌ မထင်ရှား မပေါ်လွင်သူများ မဟုတ်ပါ။

Tuesday, 6 October 2015

Daily Word

Embody - အယူအဆ၊အကြံဥာဏ်များကို ရုပ်လုံးဖော်သည်။

extract (v) - ဆွဲနုတ်​သည်​။ ဆွဲထုတ်​သည်​။ နှိုက်​ယူသည်​။ ညှစ်​ယူသည်​။ (နည်းစနစ်​တစ်​ခုဖြင့်​) ထုတ်​ယူသည်​။ ​ရွေးချယ်​ထုတ်​နုတ်​သည်​။ကောက်​နုတ်​ ​ဖော်​ပြသည်​။ ထုတ်​ယူ၍ရ​သော အဆီ၊ အနှစ်​။ ​ကောက်​နုတ်​ချက်​။ ထုတ်​နုတ်​ချက်​။ (n) နုတ်​ယူ

magnetized - သံလိုက်ဓာတ်သွင်းသည်။ ဆွဲဆောင်သည်။

Tuesday, 2 June 2015

Good is good all the time.

I belong to Jesus.
He is my Saviour.
He sheds his blood for me.
He died on the cross for me.
He loves me so much.
He always show me the ways.